အီလွန်မတ်စ်ပိုင် နျူရယ်လင့် ချစ်ပ်ကို လူ့ဦးနှောက်ထဲသို့ ထည့်သွင်း စမ်းသပ်ခွင့်ရပြီ

အီလွန်မတ်စ်၏ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာ ကုမ္ပဏီ နျူရယ်လင့်က အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (FDA) သည် ၎င်း၏ ချစ်ပ် အား လူ့ဦးနှောက်ထဲ ထည့်သွင်းစမ်းသပ်မှု ပြုလုပ်ရန်အတွက် ခွင့်ပြုချက်ပေးလိုက်ပြီ ဖြစ်ကြောင်း မေလ ၂၅ ရက် ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ နျူရယ်လင့် ချစ်ပ် သည် လူ့ဦးနှောက်နှင့် နည်းပညာကြား ဆက်သွယ်ပေးမည့် တံတားတစ်စင်း ဖြစ်လာနိုင်သော ကိရိယာတစ်မျိုး ဖြစ်သည်။ ဆိုလိုသည်မှာ ထိုချစ်ပ်ပြားသည် လက်ခံ ထည့်သွင်းထားသူ၏ ဦးနှောက်အတွင်းရှိ လုပ်ဆောင်မှုများနှင့် အခြေအနေအမျိုးမျိုးကို လက်ကိုင်ဖုန်းနှင့် ကွန်ပြူတာများသို့ ပေးပို့ကာ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက် သိရှိစေနိုင်မည်ဖြစ်သည်။ ထို့ပြင် အီလွန်မတ်စ်က နျူရယ်လင့်ထုတ် ချစ်ပ်သည် လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ အဝလွန်ခြင်း၊ မှတ်ဉာဏ်မဖွံ့ဖြိုးမှု … Continue reading အီလွန်မတ်စ်ပိုင် နျူရယ်လင့် ချစ်ပ်ကို လူ့ဦးနှောက်ထဲသို့ ထည့်သွင်း စမ်းသပ်ခွင့်ရပြီ